Posts

  • Mourinho Style Trading

    ကမ္ဘာကျော် ဘောလုံးနည်းပြတစ်ဦးရဲ့Strategy ကို Stock Trading မှာသုံးလို့ရလား? Mourinho Style Trading José Mourinho ဆိုတာ ကမ္ဘာကျော်ဘောလုံးနည်းပြ တစ်ဦးဖြစ်တယ်ဆိုတာအားလုံးသိပြီးသားပါ။ ကျနော်ငယ်စဉ်ဘဝကတည်းကသဘောကျဆုံး ပုဂ္ဂိုလ်တွေထဲကတစ်ဦးလည်းဖြစ်ပါတယ်။ ဘောလုံးအားကစားကိုဝါသနာမပါလို့ ဘောလုံးပွဲတွေသိပ်မကြည့်ဖြစ်ပေမယ့်လည်းကျနော် ၆တန်းကျောင်းသားဘဝက“ဖာဂူဆန်နဲ့ အာစင်ဝင်းဂါး စကားစစ်ထိုးနေချိန်မှာမော်ရင်ဟိုကတော့ ခပ်ငြိမ်ငြိမ်ပဲ “ ဆိုတဲ့အားကစား ဂျာနယ်တစ်ခုက ဆောင်းပါးကိုဖတ်မိရာကနေ မော်ရင်ဟို စသတိထားမိခဲ့ပါတယ်။ ဘောလုံးပွဲ မကြည့်ဖြစ်ပေမယ့်မော်ရင်ဟို ရောက်သွားတဲ့ အသင်းတွေရဲ့အခြေအနေကို လက်ရှိအသက်အရွယ်ထိလိုက်ဖတ်ကြည့်နေမိတုန်းပါပဲ။ ထားပါတော့။Post ရဲ့ ဆိုလိုရင်းကိုဆက်ရအောင်ပါ။ မော်ရင်ဟိုရဲ့ အလှအပထက် ရလဒ်ကိုဦးစားပေးတဲ့ pragmatic style ဟာလူသိများပါတယ်။ ဒီပုံစံကို ဈေးကွက်ထဲမှာtrader တစ်ယောက်အနေနဲ့သုံးလို့ရမလားဆိုတာ စဉ်းစားကြည့်ရအောင်ပါ။ Mourinho’s Philosophy Mourinho ဟာ တိုက်စစ်ထက်ခံစစ်ကို ဦးစားပေးပြီးအလှအပထက် ရလဒ်ကိုနှစ်သက်တဲ့သူဖြစ်ပါတယ်။ သူ့ကျင့်သုံးတဲ့…

  • Warren Buffett လမ်းစဉ်နဲ့Emotion များတဲ့ကျနော်

    ကျနော်နဲ့ စကားပြောဖူးတဲ့သူတိုင်းကကျနော်ကို စကားခပ်ပြတ်ပြတ်ပြောတတ်သူစိတ်မြန် လက်မြန်ရှိသူလို့ကောက်ချက်ချတတ်ပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ ဒါ့အပြင် Emotion များပြီးဒေါသလည်း ကြီးလွယ်တဲ့သူတစ်ယောက်ပါ။စိတ်လည်း သိပ်ရှည်လေ့မရှိပါဘူး။ခေါင်းလည်း မာပါတယ်။ ဒီလို လူတစ်ယောက်ကBuffett လမ်းစဉ်ဖြစ်တဲ့Value Investing နဲ့ အောင်မြင်နေတာတချို့ အတွက် ထူးဆန်းပါလိမ့်မယ်။ Value Investing ဆိုတာMarket ထဲ အချိန်တိုအတွင်းဝင်ထွက်ပြီး အမြတ်ယူတာမဟုတ်ပါဘူး။ Undervalued Stock တွေကိုစိတ်ရှည်ရှည်နဲ့ ရှာဖွေAnalysis လုပ်ရပါတယ်။ ဒီ Stock တစ်ခုကို ကိုယ်ကအရမ်းကြိုက်နေတာတောင်Undervalued စည်းမျဉ်းနဲ့ မညီရင်မဝယ်ဖြစ်အောင်နေပြီးUndervalued ဖြစ်လာတဲ့အထိစိတ်ရှည်စွာ စောင့်ရပါသေးတယ်။ ဝယ်ထားတဲ့ Undervalued Stock တွေကိုလည်းသတ်မှတ်အမြတ်ရောက်တဲ့အထိစိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းပြီးမှအမြတ်ပိုင်းရပါတယ်။ ကျနော့်လို လူအတွက်ဘယ်လိုမှ အဆင်မပြေတဲ့ Method ပါပဲ။ ဒါဆို ဒီလိုလူတစ်ယောက်ကValue Investing Strategy နဲ့အောင်မြင်နေတဲ့လျှို့ဝှက်ချက်ကဘာများဖြစ်မလဲ…

  • ပြည်တွင်းကနေ US Stock တွေ ဝယ်လို့ရလား?

    မြန်မာပြည်ကနေ Apple တို့ Tesla တို့လိုUS Company တွေရဲ့ Stock တွေကိုဝယ်လို့ရလားဆို CFD Stock အနေနဲ့ဝယ်လို့ရပါတယ်။ ဒါပေမယ့် တကယ့် Stock ကိုတော့ပိုင်ဆိုင်ခြင်း မရှိပါဘူး။ CFD Stock ဆိုတာContract for Difference (CFD)အနေနဲ့stock shares အရောင်းအဝယ်ပြုလုပ်ခြင်းကိုပြောတာပါ။ CFD ဟာ ရင်းနှီးမြှုပ်နှံသူနှင့် CFD ပံ့ပိုးသူ (Broker) အကြား သဘောတူညီချက်တစ်ရပ်ဖြစ်ပြီးကာလတစ်ခုအတွင်း စျေးနှုန်းပြောင်းလဲမှုကိုအခြေခံကာ အမြတ်/အရှုံးကို ဖြစ်စေပါတယ်။ CFD Stock အဓိပ္ပါယ် CFD Stock အရောင်းအဝယ်မှာရင်းနှီးမြှုပ်နှံသူဟာ တကယ့် Stock ကို မဝယ်ဘဲStock ရဲ့စျေးနှုန်းပြောင်းလဲမှုကိုသာရင်းနှီးမြှုပ်နှံပါတယ်။ ဥပမာ Buy Position ဝင်ထားတဲ့ရင်းနှီးမြှုပ်နှံသူဟာ Stock စျေးနှုန်းတက်ရင်အမြတ်ရနိုင်ပြီး စျေးကျရင်ရှုံးပါမယ်။ဒါ့ကြောင့်…

  • US မှာ Dividend အပေးကြမ်းတဲ့ Company တွေ

    Top High Dividend Stocks ပြထားတဲ့ Dividend Yield % တွေဟာတစ်နှစ်လျှင် (per year) ဖြစ်ပါတယ်။ ဒါပေမဲ့ တော်တော်များများက၃လတစ်ကြိမ် (quarterly) ပေးကြတယ်။ ဥပမာAT&T ရဲ့ dividend yield က 7% ဆိုရင်$1,000 ဝယ်ထားတယ်ဆိုပါစို့။တစ်နှစ်ထဲမှာ $70 (7%) ရမယ်ဒါကို ၃လတစ်ကြိမ်ပေးမှာဖြစ်လို့တစ်ကြိမ်မှာ $17.50 ရမယ်။ Tayza Ko Ko

  • ROE (Return on Equity) ဆိုတာဘာလဲ?

    Stock တစ်ခုမှာ ရင်းနှီးမြှုပ်နှံရင်မဖြစ်မနေကြည့်ရမယ့် ROE ROE (Return on Equity) ဆိုတာဘာလဲ? ROE ဆိုတာ Shareholder တွေရဲ့ငွေကြေးပေါ်မှာ Company ကဘယ်လောက်အကျိုးအမြတ်ပြန်ရှာပေးနိုင်လဲဆိုတာကိုတိုင်းတာပေးတဲ့အချိုးဖြစ်ပါတယ်။ ROE Formula ROE = (Net Income / Shareholders’ Equity) × 100 Companyတစ်ခုမှာNet Income $1,000,000 ရှိပြီးShareholders’ Equity က$5,000,000 ဆိုပါစို့။ ROE = (1,000,000 / 5,000,000) × 100 = 20% ROE 20% ဆိုတာShareholder ရဲ့ ရင်းနှီးမြှုပ်နှံမှု $1 လျှင်0.20 (20 cents) အမြတ်ပြန်ရတယ်လို့ဆိုလိုတာဖြစ်ပါတယ်။ ROE က…

  • Trading လောကရဲ့ အမှန်တရား

    95% Trader တွေ ရှုံးနိမ့်ရတဲ့နောက်ကွယ်က အကြောင်းရင်း ဒီ post မှာတော့ အများစု ပြောနေကြတဲ့စည်းကမ်းရှိပါတို့Emotion ထိန်းပါတို့ကိုအဓိကပြောမှာ မဟုတ်ဘဲနောက်ကွယ်က အမှန်တရားတချို့ကိုအချက်အလက်နဲ့ တကွဖော်ထုတ်မှာဖြစ်ပါတယ်။ Market မှာ 95% သော Trader တွေရေရှည်မှာ ရှုံးတယ်ဆိုတာ အမှန်တရားပါပဲ။ ဒါဆို ကျန်တဲ့ 5% ဟာ ဘယ်သူတွေပါလဲ? Retail traders တွေလား?ဒါမှမဟုတ် Banks, Hedge Funds နဲ့Algorithmic Trading Firms လား? အဖြေက ရိုးရှင်းပါတယ်။ အောင်မြင်သူအနည်းငယ်အနေနဲ့ကျန်ခဲ့တဲ့ 5% ထဲမှာ Institutional Traders တွေအများစုပါဝင်တယ်။ ဘာကြောင့်လဲဆိုတာ အောက်ကအချက်အလက်တွေကို လေ့လာကြည့်ရအောင်ပါ။ (1) Capital ကြွယ်ဝမှု သူတို့ဟာ ငွေကြေးပမာဏ အားနည်းတဲ့retail…

  • Trading မှာ ကျနော်တို့ Sell နဲ့ အမြတ်မယူဘဲBuy သီးသန့်နဲ့ပဲ အမြတ်ယူရတဲ့အကြောင်းရင်း

    ကျနော်တို့ကတော့StockIndexGoldSilverPlatinumCoffee တွေပဲ Trade ပါတယ်။ Currency Pair နဲ့ Crypto ပိုင်းမလုပ်ပါဘူး။ ဒါပေမယ့် Sell ခလုတ်ကို နှိပ်လေ့မရှိဘဲBuy ခလုတ်ကိုသာ နှိပ်ပြီး Trade လုပ်ပါတယ်။ ဒါကလည်း ကျနော်တို့နဲ့အကိုက်ညီဆုံး Strategy မို့လို့ပါ။ လွန်ခဲ့တဲ့နှစ်တွေကို ပြန်ကြည့်ပါ။အခြေခံစားသောက်ကုန်ဖြစ်တဲ့ကြက်ဥလိုအရာတောင်ဒီနေ့မှာ စျေးတက်သွားပါပြီ။ ငွေကြေးဆိုတာအချိန်ကာလတစ်ခုရောက်လေတန်ဖိုးကျလေ ဖောင်းပွလေပါ။ ဒါကြောင့် ငွေကြေးနဲ့ ဖလှယ်ရတဲ့Asset တွေကို Trade တဲ့အခါ ရေရှည်မှာBuy Position ဝင်တဲ့ဘက်ကအားသာချက်များပါတယ်။ Stock တွေဆိုBuy ထားရင် Dividend ရောCapital Gain ရောရနိုင်မယ့် အခွင့်အရေးရှိပါတယ်။ Buy and Hold လုပ်တဲ့သူတွေကTrading Frequency နည်းတာကြောင့်Transaction Fees, Taxes,Commissionခတွေလည်းပိုသက်သာပါတယ်။ Stop Loss ကို…