ပြည်တွင်းကနေ US Stock တွေ ဝယ်လို့ရလား?


မြန်မာပြည်ကနေ Apple တို့ Tesla တို့လို
US Company တွေရဲ့ Stock တွေကို
ဝယ်လို့ရလားဆို CFD Stock အနေနဲ့
ဝယ်လို့ရပါတယ်။

ဒါပေမယ့် တကယ့် Stock ကိုတော့
ပိုင်ဆိုင်ခြင်း မရှိပါဘူး။

CFD Stock ဆိုတာ
Contract for Difference (CFD)အနေနဲ့
stock shares အရောင်းအဝယ်ပြုလုပ်ခြင်းကို
ပြောတာပါ။

CFD ဟာ ရင်းနှီးမြှုပ်နှံသူနှင့် CFD ပံ့ပိုးသူ (Broker) အကြား သဘောတူညီချက်တစ်ရပ်ဖြစ်ပြီး
ကာလတစ်ခုအတွင်း စျေးနှုန်းပြောင်းလဲမှုကို
အခြေခံကာ အမြတ်/အရှုံးကို ဖြစ်စေပါတယ်။

CFD Stock အဓိပ္ပါယ်

CFD Stock အရောင်းအဝယ်မှာ
ရင်းနှီးမြှုပ်နှံသူဟာ တကယ့် Stock ကို မဝယ်ဘဲ
Stock ရဲ့စျေးနှုန်းပြောင်းလဲမှုကိုသာ
ရင်းနှီးမြှုပ်နှံပါတယ်။

ဥပမာ Buy Position ဝင်ထားတဲ့
ရင်းနှီးမြှုပ်နှံသူဟာ Stock စျေးနှုန်းတက်ရင်
အမြတ်ရနိုင်ပြီး စျေးကျရင်ရှုံးပါမယ်။
ဒါ့ကြောင့် CFD မှာ ရင်းနှီးမြှုပ်နှံသူဟာ
တကယ့် Stock ကို မပိုင်ဆိုင်ပေမယ့်
Stock စျေးနှုန်းပြောင်းလဲမှုမှာ ပါဝင်ပြီး
အရောင်းအဝယ်လုပ်လို့ရပါတယ်။

CFD မှာ ရင်းနှီးမြှုပ်နှံရင် သိရမယ့်အချက်များ

  1. Leverage အသုံးပြုခြင်း
    CFD မှာ Leverage နဲ့ ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။
    ဆိုလိုတာက ငွေပမာဏနည်းနည်းနဲ့
    Stock များများဝယ်နိုင်ပါတယ်။
  2. Ownership မရှိခြင်း
    CFD ရင်းနှီးမြှုပ်နှံသူဟာ
    Stock တွေကိုတော့ တကယ်မပိုင်ဆိုင်ပါဘူး။
  3. Profit/Loss
    စျေးနှုန်းအတက်အကျကို အခြေခံပြီး
    အမြတ်နှင့် အရှုံးကို ဖြစ်စေပါတယ်။
  4. Long/Short
    ရင်းနှီးမြှုပ်နှံသူဟာ Stock စျေးနှုန်းတက်ရင်
    (long position) အမြတ်ရနိုင်သလို၊
    စျေးကျရင် (short position) မှလည်း
    အမြတ်ရနိုင်ပါတယ်။
  5. Dividend
    တချို့ CFD Stock တွေကနေ
    Dividend (အမြတ်ဝေစု) ရရှိနိုင်သော်လည်း
    တိုက်ရိုက် ရှယ်ယာပိုင်ဆိုင်ထားတာမဟုတ်လို့
    အမြတ်ဝေစု အစစ်အမှန်တော့မရနိုင်ပါ။

CFD Stock ရဲ့ အကျိုးကျေးဇူးများ

  1. အရင်းအနှီးနည်းနည်းနဲ့ ရင်းနှီးမြှုပ်နှံနိုင်ခြင်း
    Leverage ကြောင့် ရင်းနှီးငွေနည်းနည်းနဲ့လည်း
    အမြတ်ရနိုင်ပါတယ်။
  2. စျေးအတက်အကျမှာ အမြတ်ယူနိုင်ခြင်း
    စျေးနှုန်းတက်တက် ကျကျကျ
    နှစ်ဘက်စလုံးကနေ အမြတ်ရှာနိုင်ပါတယ်။

CFD Stock ရဲ့ အန္တရာယ်များ

1.Leverage
Leverage ကြောင့် ရင်းနှီးမြှုပ်နှံငွေ
များပြားလာသည်နှင့် အန္တရာယ်များတဲ့
ဆုံးရှုံးမှု ဖြစ်နိုင်ပါတယ်။

စျေးကွက်အန္တရာယ်များ
စျေးကွက်ဟာ များစွာပြောင်းလဲမှုရှိနိုင်သောကြောင့် အမြတ်/အရှုံး မြန်မြန်ဖြစ်နိုင်ပါတယ်။

CFD ဟာ ရင်းနှီးမြှုပ်နှံသူများအတွက်
အကျိုးအမြတ်ရနိုင်တဲ့ ပုံစံတစ်ခုဖြစ်သော်လည်း
အန္တရာယ်လည်းများစွာရှိပါတယ်။

စနစ်တကျ ကျွမ်းကျင်စွာ
လေ့လာထားပြီးမှ ရင်းနှီးမြှုပ်နှံသင့်ပါတယ်။

Tayza Ko Ko