ကျနော်နဲ့ စကားပြောဖူးတဲ့သူတိုင်းက
ကျနော်ကို စကားခပ်ပြတ်ပြတ်ပြောတတ်သူ
စိတ်မြန် လက်မြန်ရှိသူလို့
ကောက်ချက်ချတတ်ပါတယ်။

တကယ်လည်း ဟုတ်ပါတယ်။
ဒါ့အပြင် Emotion များပြီး
ဒေါသလည်း ကြီးလွယ်တဲ့သူတစ်ယောက်ပါ။
စိတ်လည်း သိပ်ရှည်လေ့မရှိပါဘူး။
ခေါင်းလည်း မာပါတယ်။
ဒီလို လူတစ်ယောက်က
Buffett လမ်းစဉ်ဖြစ်တဲ့
Value Investing နဲ့ အောင်မြင်နေတာ
တချို့ အတွက် ထူးဆန်းပါလိမ့်မယ်။
Value Investing ဆိုတာ
Market ထဲ အချိန်တိုအတွင်း
ဝင်ထွက်ပြီး အမြတ်ယူတာမဟုတ်ပါဘူး။
Undervalued Stock တွေကို
စိတ်ရှည်ရှည်နဲ့ ရှာဖွေ
Analysis လုပ်ရပါတယ်။
ဒီ Stock တစ်ခုကို ကိုယ်က
အရမ်းကြိုက်နေတာတောင်
Undervalued စည်းမျဉ်းနဲ့ မညီရင်
မဝယ်ဖြစ်အောင်နေပြီး
Undervalued ဖြစ်လာတဲ့အထိ
စိတ်ရှည်စွာ စောင့်ရပါသေးတယ်။
ဝယ်ထားတဲ့ Undervalued Stock တွေကိုလည်း
သတ်မှတ်အမြတ်ရောက်တဲ့အထိ
စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းပြီးမှ
အမြတ်ပိုင်းရပါတယ်။
ကျနော့်လို လူအတွက်
ဘယ်လိုမှ အဆင်မပြေတဲ့ Method ပါပဲ။
ဒါဆို ဒီလိုလူတစ်ယောက်က
Value Investing Strategy နဲ့
အောင်မြင်နေတဲ့လျှို့ဝှက်ချက်က
ဘာများဖြစ်မလဲ ?
လွန်ခဲ့တဲ့နှစ်တွေက
ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပြီးနောက်
Value Investing Strategy ကို
ကိုယ်တိုင်မလုပ်ဘဲ
တပည့်တွေမွေးပြီး တပည့်တွေကို
လုပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
Value Investing Strategy ကလွဲရင်
တခြား ဘာမှ မသင်ပေးလိုက်ပါဘူး။
Strategy နဲ့ မကိုက်တာတွေ့ရင်
ပြင်းထန်တဲ့ Action တွေယူတာရယ်
(ငါပြောသလိုပဲလုပ် ငါလုပ်သလို
လိုက်မလုပ်နဲ့ လိုမျိုးတွေပေါ့)
တပည့်တွေကလည်း ကိုယ့်ငွေကြေး
မဟုတ်တော့ Emotion သိပ်မရှိတာရယ်
Strategy ကိုသွေဖယ်ပြီးလုပ်မိရင်
အိပ်မက်ထဲထိတောင်
ထည့်မက်ရတဲ့ ကျနော်ရဲ့ အသံပါဝါ
ကာလာအနေအထားကောင်းကောင်းနဲ့
ဆူပူတာကို နားမခံနိုင်တာရယ်ကြောင့်
အဲ့ဒီ့ Project ဟာ Project Fox အမည်နဲ့
အောင်မြင်မှု ရခဲ့ပါတယ်။
လက်ရှိမှာလည်း Trading အကြောင်း
လုံးဝမသိတဲ့လူတွေကို Value Investing Strategy
တစ်မျိုးပဲ သင်ပေးပြီး ဝန်ထမ်းတွေ အဖြစ်
ခန့်ထားပါတယ်။
သူတို့လည်း လုပ်ခိုင်းထားတာထက်ကို
ဘောင်ကျော်ပြီး မလုပ်ရဲကြတာမို့
Lite Trading Project အမည်နဲ့
အောင်မြင်မှုတွေရခဲ့ပါတယ်။
တကယ်က ကျနော့်တပည့်တွေ
ဝန်ထမ်းတွေကလည်း ပုထုဇဉ်တွေမို့
Emotion တွေ ရှိကြပါတယ်။
ဒါပေမယ့် တင်းကျပ်တဲ့ Control တစ်ခုအောက်မှာ
လုပ်ကိုင်ရတဲ့အခါ အဲ့ Emotion တွေကို
လစ်လျူရှုထားရပါတယ်။
သူတို့လည်း ပြန်ပြောကြတာ ရှိပါတယ်။
ဆရာ့ Account တွေနဲ့ Trading လုပ်တာမှာ
အောင်မြင်ပေမယ့်
သူတို့ ငွေနဲ့ သူတို့ Trading လုပ်ရာမှာတော့
Value Investing Strategy ကို ရေရှည်မှာ
မသုံးဖြစ်တဲ့အပြင် Emotion ကြောင့်ပါ
ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ကြောင်း ဝန်ခံကြပါတယ်။
ကိုယ့်ကိုယ်ကိုတော့
Emotion ထိန်းနိုင်ပြီး စိတ်ရှည်တတ်သူ
ဒေါသလွယ်လွယ် မဖြစ်တတ်သူ
စိတ်မြန်လက်မြန် မဖြစ်တတ်သူဖြစ်အောင်တော့
ကြိုးစားနေဆဲပါ။
အရင်ထက်တော့ တိုးတက်လာပြီဆိုပေမယ့်
Project Fox နဲ့ Lite Trading ကို
ကိုယ်တစ်ယောက်တည်း လုပ်နေရင်တော့
ဒီနေ့ လောက် အောင်မြင်မှု မရမှာတော့
သေချာကြောင်း ဝန်ခံပါတယ်။
ဒီစာကြောင့် အတွေးအမြင်သစ်
တစ်ခုခုရသွားမယ်ဆိုလည်း
ဒီစာကို ရိုးသားမှန်ကန်စွာနဲ့
ရေးရကျိုးနပ်ပါတယ်။
Tayza Ko Ko