
95% Trader တွေ ရှုံးနိမ့်ရတဲ့
နောက်ကွယ်က အကြောင်းရင်း
ဒီ post မှာတော့ အများစု ပြောနေကြတဲ့
စည်းကမ်းရှိပါတို့
Emotion ထိန်းပါတို့ကို
အဓိကပြောမှာ မဟုတ်ဘဲ
နောက်ကွယ်က အမှန်တရားတချို့ကို
အချက်အလက်နဲ့ တကွ
ဖော်ထုတ်မှာဖြစ်ပါတယ်။
Market မှာ 95% သော Trader တွေ
ရေရှည်မှာ ရှုံးတယ်ဆိုတာ အမှန်တရားပါပဲ။
ဒါဆို ကျန်တဲ့ 5% ဟာ ဘယ်သူတွေပါလဲ?
Retail traders တွေလား?
ဒါမှမဟုတ် Banks, Hedge Funds နဲ့
Algorithmic Trading Firms လား?
အဖြေက ရိုးရှင်းပါတယ်။
အောင်မြင်သူအနည်းငယ်အနေနဲ့
ကျန်ခဲ့တဲ့ 5% ထဲမှာ Institutional Traders တွေ
အများစုပါဝင်တယ်။
ဘာကြောင့်လဲဆိုတာ အောက်က
အချက်အလက်တွေကို လေ့လာကြည့်ရအောင်ပါ။
(1) Capital ကြွယ်ဝမှု
သူတို့ဟာ ငွေကြေးပမာဏ အားနည်းတဲ့
retail trader မဟုတ်ဘဲ ငွေကြေးပမာဏ
တောင့်တင်းသူတွေဖြစ်ပါတယ်။
(2) AI နဲ့ Algo-Trading Tools
ဒီ Tool တွေရဲ့ အားသာချက်ကို
အသုံးချပြီးစျေးကွက်ထဲမှာ
milliseconds အတွင်း
ဝင်ထွက်နိုင်ကြတယ်။
(3) Team-based Strategy
တစ်ဦးချင်းမဟုတ်ဘဲ Analyst, Risk Manager နဲ့
Trader တွေပူးပေါင်းပြီး ဆုံးဖြတ်ကြတယ်။
ဒါ့အပြင် တချို့ Broker တွေက
B-Book System အသုံးပြုပြီး
Trader တွေရဲ့ အရှုံးကို သူတို့အမြတ်
ဖြစ်အောင်လုပ်ကြပါတယ်။
ဥပမာ
Plus500 ဆိုတဲ့ Broker က 2024 မှာတင်
Client တွေရဲ့ Loss တွေထဲက 30 million
အမြတ်ရရှိခဲ့တယ်လို့
စာရင်းထုတ်ပြန်ထားပါတယ်။
အထောက်အထားများ
(1)Trader အများစု ရှုံးကြောင်း
ဖော်ပြထားတဲ့ အထောက်အထားများ
IG Markets, Etoro, Plus500 စတဲ့
brokers တွေဟာ လုပ်ငန်းလိုအပ်ချက်အရ
Trader တွေရဲ့ ရှုံးနှုန်းကို ဖော်ပြဖို့
တာဝန်ရှိကြပါတယ်။
ဥပမာ
74% to 89% of retail investor accounts lose money when trading CFDs with this provider.
ဒီ data တွေဟာ regulator (ESMA, FCA, ASIC)
တို့ရဲ့ အမိန့်အရ ဖော်ပြထားတာဖြစ်ပါတယ်။
Journal of Finance (Academic source) မှာပါတဲ့
လေ့လာမှုတချို့ကလည်း
Retail FX traders’ long-term profitability <10%
ဖြစ်တယ်လို့ ဖော်ပြထားတာရှိပါတယ်။
(2)Institutional Trader တွေရဲ့
လက်ဝါးကြီးအုပ်မှု အထောက်အထားများ
BIS (Bank for International Settlements) ရဲ့
2022 FX Market Report အရ
Global FX trading volume ၏ 80% ကျော်ကို
Institutional players (banks, hedge funds, etc.)
မှ လက်ဝါးကြီးအုပ်ထိန်းချုပ်ထားကြောင်း
သိရပါတယ်။
SEC & CFTC အစီရင်ခံစာများအရ
Market liquidity, price direction တွေကို
ထိန်းချုပ်နိုင်သူတွေက Algorithmic, HFT Firms နဲ့
Hedge Fund တွေ ဖြစ်ကြောင်း
သက်သေများစွာရှိပါတယ်။
- Retail Traders Are Counterparty
A-Book (pass through to market) နဲ့
B-Book (broker = counterparty) ဆိုပြီး
Broker စနစ် ၂ မျိုးရှိပါတယ်
B-Book brokers မှာဆိုရင်
Trader တစ်ယောက်ရဲ့ loss ဟာ
Broker ရဲ့ profit ဖြစ်တယ်။
IG Group (UK broker) ရဲ့
2020 Annual Report မှာ
The vast majority of our revenue comes from client losses on B-Book side of trading.
လို့တောင်ဖော်ပြထားပါတယ်။
ဒီအချက်အလက်တွေက
Broker disclosures (regulated)
Financial academic studies
Institution-level market structure reports
Regulator-mandated data တွေအပေါ်
အခြေခံထားတာဖြစ်ပါတယ်။
ဒါကြောင့်မို့
ခင်များက retail trader တစ်ယောက်ဆိုရင်
အောင်မြင်ဖို့အတွက် အများစုပြောနေကြတဲ့
- Disciplined Strategy
- Risk Management
- Long-term Perspective တို့ရှိဖို့လိုတဲ့အပြင်
အောင်မြင်တဲ့ 5% သော Trader တွေ
ဘယ်လို Strategy နဲ့ ဘာတွေလုပ်နေလဲဆိုတာ
ထပ်မံလေ့လာဖို့ လိုအပ်ပါတယ်။
မဟုတ်ရင်တော့ ရှုံးတဲ့
95% ထဲမှာ ကျန်နေမှာပဲ ဖြစ်ပါတယ်။
Tayza Ko Ko
