Mourinho Style Trading

ကမ္ဘာကျော် ဘောလုံးနည်းပြတစ်ဦးရဲ့
Strategy ကို Stock Trading မှာ
သုံးလို့ရလား?

Mourinho Style Trading

José Mourinho ဆိုတာ ကမ္ဘာကျော်ဘောလုံး
နည်းပြ တစ်ဦးဖြစ်တယ်ဆိုတာ
အားလုံးသိပြီးသားပါ။

ကျနော်ငယ်စဉ်ဘဝကတည်းက
သဘောကျဆုံး ပုဂ္ဂိုလ်တွေထဲက
တစ်ဦးလည်းဖြစ်ပါတယ်။

ဘောလုံးအားကစားကို
ဝါသနာမပါလို့ ဘောလုံးပွဲတွေ
သိပ်မကြည့်ဖြစ်ပေမယ့်လည်း
ကျနော် ၆တန်းကျောင်းသားဘဝက
“ဖာဂူဆန်နဲ့ အာစင်ဝင်းဂါး စကားစစ်ထိုးနေချိန်မှာ
မော်ရင်ဟိုကတော့ ခပ်ငြိမ်ငြိမ်ပဲ “ ဆိုတဲ့
အားကစား ဂျာနယ်တစ်ခုက ဆောင်းပါးကို
ဖတ်မိရာကနေ မော်ရင်ဟို စသတိထားမိခဲ့ပါတယ်။

ဘောလုံးပွဲ မကြည့်ဖြစ်ပေမယ့်
မော်ရင်ဟို ရောက်သွားတဲ့ အသင်းတွေရဲ့
အခြေအနေကို လက်ရှိအသက်အရွယ်ထိ
လိုက်ဖတ်ကြည့်နေမိတုန်းပါပဲ။

ထားပါတော့။
Post ရဲ့ ဆိုလိုရင်းကိုဆက်ရအောင်ပါ။

မော်ရင်ဟိုရဲ့ အလှအပထက် ရလဒ်ကို
ဦးစားပေးတဲ့ pragmatic style ဟာ
လူသိများပါတယ်။

ဒီပုံစံကို ဈေးကွက်ထဲမှာ
trader တစ်ယောက်အနေနဲ့
သုံးလို့ရမလားဆိုတာ စဉ်းစားကြည့်ရအောင်ပါ။

Mourinho’s Philosophy

Mourinho ဟာ တိုက်စစ်ထက်
ခံစစ်ကို ဦးစားပေးပြီး
အလှအပထက် ရလဒ်ကို
နှစ်သက်တဲ့သူဖြစ်ပါတယ်။

သူ့ကျင့်သုံးတဲ့ Core Strategy တွေကတော့

Defend First
Wait and React
Results Over Style တွေပါပဲ။

Stock Trading မှာလည်း
Defend First ဆိုတဲ့အတိုင်း
ကိုယ့်ငွေရင်းကို မရှုံးဖို့ ကြိုတင်ကာကွယ်ဖို့
လိုပါတယ်။

Wait and React ဆိုတဲ့အတိုင်း
စျေးကွက်ထဲ Entry ဝင်ရမယ့်အချိန်ကို
စိတ်ရှည်စွာ စောင့်ဆိုင်းပြီး တုံ့ပြန်ဖို့
လိုပါတယ်။

Results Over Style က အရေးကြီးပါတယ်။
Order အရေအတွက်မှာ
Win Order များနေပေမယ့်
Profit မှာ အရှုံးပြ နေတဲ့သူမဖြစ်ဖို့တော့
လိုပါတယ်။

မြတ်တော့နည်းနည်း ရှုံးတော့များများ
ဖြစ်လို့မရပါဘူး။

Mourinho ရဲ့ Philosophy ဟာ
Warren Buffett ရဲ့ Philosophy တချို့နဲ့လည်း
ကိုက်ညီနေပါသေးတယ်။

Buffett ရဲ့ “Rule No.1 – Never lose money” ဆိုတာ
Mourinho ရဲ့ “Defend first, then strike” နဲ့
အနီးစပ်ဆုံးတူညီတဲ့ အချက်ပါပဲ။

Mourinho ဟာ ရှုံးတော့မယ်လို့
ထင်ရတဲ့ပွဲတွေကိုတောင် အနိုင်ရလဒ်ဖြစ်အောင်
စနစ်တကျ အကောင်အထည်ဖော်နိုင်ခဲ့သူ
ဖြစ်ပါတယ်။

ကျနော်ကိုယ်တိုင်လည်း
Mourinho Style Trading လုပ်နေပြီး
Defend First
Wait and React
Results Over Style တွေကို
Warren Buffett Strategy နဲ့
ပေါင်းစပ် အသုံးပြုနေပါတယ်။

Defensive doesn’t mean weak — it means smart.”
Mourinho

Photo credit – The Japan Times

Tayza Ko Ko