
ကျနော်တို့ကတော့
Stock
Index
Gold
Silver
Platinum
Coffee တွေပဲ Trade ပါတယ်။
Currency Pair နဲ့ Crypto ပိုင်း
မလုပ်ပါဘူး။
ဒါပေမယ့် Sell ခလုတ်ကို နှိပ်လေ့မရှိဘဲ
Buy ခလုတ်ကိုသာ နှိပ်ပြီး Trade လုပ်ပါတယ်။
ဒါကလည်း ကျနော်တို့နဲ့
အကိုက်ညီဆုံး Strategy မို့လို့ပါ။
လွန်ခဲ့တဲ့နှစ်တွေကို ပြန်ကြည့်ပါ။
အခြေခံစားသောက်ကုန်ဖြစ်တဲ့
ကြက်ဥလိုအရာတောင်
ဒီနေ့မှာ စျေးတက်သွားပါပြီ။
ငွေကြေးဆိုတာ
အချိန်ကာလတစ်ခုရောက်လေ
တန်ဖိုးကျလေ ဖောင်းပွလေပါ။
ဒါကြောင့် ငွေကြေးနဲ့ ဖလှယ်ရတဲ့
Asset တွေကို Trade တဲ့အခါ ရေရှည်မှာ
Buy Position ဝင်တဲ့ဘက်က
အားသာချက်များပါတယ်။
Stock တွေဆို
Buy ထားရင် Dividend ရော
Capital Gain ရော
ရနိုင်မယ့် အခွင့်အရေးရှိပါတယ်။
Buy and Hold လုပ်တဲ့သူတွေက
Trading Frequency နည်းတာကြောင့်
Transaction Fees, Taxes,
Commissionခတွေလည်း
ပိုသက်သာပါတယ်။
Stop Loss ကို ခဏဖယ်ပြီး
တွေးကြည့်ရအောင်ပါ။
Buy မှာ တကယ်ဆုံးရှုံးနိုင်တဲ့အမြင့်ဆုံးက
ကိုယ်ဝယ်ထားတဲ့ Asset ရဲ့ တန်ဖိုးပဲရှိပါတယ်။
ဥပမာ Company တစ်ခုရဲ့
Stock ကိုဝယ်ထားတယ်။
အဲ့ Company အရှုံးပေါ်သွားလို့
လုပ်ငန်း ပိတ်သိမ်းလိုက်ရင်
ကိုယ် ဝယ်ထားတဲ့ Stock တန်ဖိုးက
0 ဖြစ်သွားမှာပါ။
$100 တန် တစ်စောင်ဝယ်ထားရင်
$100 ပဲ ရှုံးပါမယ်။
ဒါပေမဲ့ Sell (short) မှာတော့
စျေးတက်တာနဲ့
Stop Loss မထည့်ထားရင်
အဆုံးမရှိတဲ့ Loss ဖြစ်သွားနိုင်ပါတယ်။
ဥပမာ
World Gold ကို $2800 စျေးတန်းမှာ
Sell Position ဝင်ထားတဲ့သူကို
မြင်ယောင်ကြည့်ပါ။
အဲ့စျေးတန်းက
ရွှေစျေး သမိုင်းတလျောက်
အမြင့်ဆုံးဖြစ်ခဲ့ဖူးလို့
အဲ့စျေးတန်းမှာ တော်တော်များများ
Sell ခဲ့ကြပါတယ်။
ဒါပေမယ့် ရွှေစျေးက $3500 ထိကို
တက်ပြီးသွားပါပြီ။
ရွှေစျေး ဘယ်လောက်ထိ
ဆက်တက်မယ်ဆိုတာ
မသိနိုင်လို့ Stop Loss သာ မခံထားရင်
အဆုံးမရှိတဲ့ Loss ဖြစ်နိုင်ပါတယ်။
$2800 စျေးတန်းကို ပြန်လာနိုးမျှော်နေရင်တော့
Margin ငွေထပ်ဖြည့်ရင်း Account ပြုတ်
ရှိတာကုန်သွားဖို့များပါတယ်။
$3500 အမြင့်ဆုံး စျေးတန်းမှာ
Buy Position ဝင်ထားတဲ့သူတွေကတော့
တချိန်ချိန်မှာ အဲ့စျေးတန်းကို
ပြန်ရောက်ဖို့ အခွင့်အရေးအများကြီးရှိပါတယ်။
ဘာလို့ဆို ရွှေဆိုတာ ငွေကြေးနဲ့ ဝယ်ယူရတဲ့
Asset မို့ ငွေဆိုတာ တန်ဖိုးကျပြီး
ဖောင်းပွတတ်တဲ့ သဘောရှိလို့ပါ။
Market Crash တွေမြင်တိုင်း
လူတွေက Sell လုပ်တတ်ပါတယ်။
ဒါပေမဲ့ Buy-only mindset ကတော့
တကယ်စျေးတန်ပြီဆို
“Opportunity to buy more” လို့ ပဲတွေးကြပါတယ်။
Buy Only လုပ်သူတွေမှာ
Trader တွေထက် Investor တွေကပိုများပြီး
Long-term Investing လုပ်ကြပါတယ်။
Buy-only strategy ဟာ စျေးကွက်ကို
short-term အမြတ်ထက်
Long-term Success ကြည့်တဲ့သူတွေအတွက်
အထူးသင့်တော်ပါတယ်။
“Buy patiently. Sell never.” – Warren Buffett”
Tayza Ko Ko